အမေရိကန်တွင် ဒေါ်လာ ၁ သန်းထီဆု ပေါက်ခဲ့သူကို ICE ဖမ်းဆီး
One News
Nov 26, 2026
အမေရိကန်ပြည်ထောင်စု ဘော့စတွန်မြို့မှာ ဒေါ်လာ ၁ သန်းထီဆု ပေါက်ခဲ့တဲ့ အယ်လ်ဆာဗေဒိုနိုင်ငံသား အမျိုး သားတစ်ယောက်ကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ထိန်းသိမ်းရေးအဖွဲ့(ICE)က ဖမ်းဆီးလိုက် တာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မက်ဆာချူးဆက်ပြည်နယ် ထီအဖွဲ့က သူ့ရဲ့ ဓာတ်ပုံကို လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ ပါတယ်။ ဓာတ်ပုံထဲမှာ သူဟာ ဒေါ်လာ ၁ သန်းတန် ဆုငွေချက်လက်မှတ်ကြီးကို ကိုင်ဆောင်ပြီး ပျော်ရွှင်စွာ ပြုံးနေတဲ့ပုံကို တွေ့ရပါတယ်။ အဲဒီဓာတ်ပုံအောက်မှာလည်း လူအများအပြားက ဂုဏ်ပြုစကားတွေ ရေးသားခဲ့ ကြပြီး သူ့ရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့ကြပါတယ်။ဒါပေမဲ့ ထီပေါက်ပြီး ရက်ပိုင်းအကြာ နိုဝင်ဘာ ၂၄ ရက် အင်္ဂါနေ့မှာတော့ သူဟာ ဘော့စတွန်မြို့ အရှေ့ပိုင်း East Boston ရပ်ကွက်မှာ ICE ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ICE ရဲ့ အဆိုအရ သူဟာ ၂၀၁၃ ခုနှစ်က တက္က ဆက်ပြည်နယ် နယ်စပ်ကတစ်ဆင့် အမေရိကန်နိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ လူဝင်မှုကြီးကြပ်ရေးတရားသူကြီးက ပြည်နှင်ဒဏ်ပေးဖို့ အမိန့်ချမှတ်ထားပေမယ့် နိုင်ငံအတွင်း ဆက်လက် နေထိုင်နေသူ ဖြစ်ပါတယ်။
သူ့ရဲ့ ထီပေါက်တဲ့သတင်း လူသိရှင်ကြားဖြစ်သွားတာကြောင့် ICE ရဲ့ အာရုံ စိုက်မှုကို ရရှိခဲ့တာလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ CNN က ICE အဖွဲ့ကို ဖမ်းဆီးရတဲ့ အကြောင်းရင်း နဲ့ လက်ရှိ သူ့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားသလဲဆိုတာ မေးမြန်းခဲ့ပေမယ့် အဖွဲ့ဘက်က ဖြေကြားတာ မရှိခဲ့ပါ ဘူး။
အခုအခါမှာတော့ သူဟာ အမေရိကန်နိုင်ငံကနေ နေရပ်ပြန်ပို့ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ICE ပြည်သူ့ဆက်ဆံရေးဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူးကတော့ ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ရာမှာ “ကြည့်ရတာ သူ့ရဲ့ ကံကောင်းခြင်းတွေ ကုန်ဆုံးသွားပြီ ထင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
ရာသီဥတုကြောင့် Macy’s Thanksgiving Day Parade ပွဲတော် ရွှေ့ဆိုင်း
One News
Nov 26, 2026 10အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ နာမည်ကြီး Macy’s Thanksgiving Day Parade ပွဲတော်ကို လေပြင်းမုန်တိုင်း တိုက်ခတ်နိုင်တဲ့ အခြေအနေကြောင့် နှစ်ရက်ရွှေ့ဆိုင်းလိုက်ရတယ်လို့ CNN သတင်းမှာ ဖော်ပြပါတယ်။
-
အမေရိကန်ကွန်ဂရက်လွှတ်တော်၌ လူမည်းဒီမိုကရက်တစ်အမတ်အသစ် အများဆုံးဝင်ရောက်
-
စစ်ရေးဆိုင်ရာ AI ဆုံးဖြတ်ချက်များတွင် လူသားများပါဝင်ရန် ထရမ့် နှင့် ရှီ သဘောတူ
-
APEC ၌ ထရမ့်၏ဩဇာ လျော့ကျနိုင်ဟု စီးပွားရေးပညာရှင် သုံးသပ်
-
နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆွေးနွေးရန်ရှိဟု ထရမ့် ပြော
-
APEC အစည်းအဝေး၌ AI နည်းပညာအန္တရာယ် သတိထားရန် ထရမ့် ပြော
-
ထရမ့်၏အကျင့်ပျက်မှုနှင့်အက်ပ်စတိန်းအမှု ဒီမိုကရက် စုံစမ်းစစ်ဆေးမည်